ပုသိမ်မြို့နယ်၌ ရေနုတ်မြောင်းများ ရှင်းလင်းဆယ်ယူ

 


ပုသိမ် ဩဂုတ် ၁၂

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ရေနုတ်မြောင်းများ ရှင်းလင်းဆယ်ယူခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက် ပြည်တော်သာလမ်းဘေး ရေနုတ်မြောင်းတွင် ဆောင်ရွက်ကြသည်။

 

ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မတူးဖော်ရသေးသော ရေနုတ်မြောင်းများတူးဖော်ခြင်း၊ တူးဖော်ပြီးသော ရေနုတ်မြောင်းများတွင် အမှိုက်များ၊ ဒိုက်ပင်များ ပိတ်ဆို့မှုမရှိစေရေးအတွက် ရေနုတ်မြောင်းများ ရှင်းလင်းဆယ်ယူခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်တော်သာလမ်းဘေး ရေနုတ်မြောင်းအား မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)

No comments

Powered by Blogger.