မြောင်းမြမြို့၌ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

 


မြောင်းမြ သြဂုတ် ၁၂

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများက ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြရတနာရပ်ကွက် အမက ခါတော်မီကျောင်းရှေ့မှ ဘုရားချောင်း တံတားထိပ်အထိ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူများက နဝရတ်လမ်းမကြီး လမ်းဘေးဝဲ၊ ယာတို့မှ ရေမြောင်းများတွင် မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် စက်ယန္တရားများဖြင့် အနက်နှိုက်တူးဖော်ခြင်း၊ ရေမြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်း ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)

No comments

Powered by Blogger.