မူဆယ်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ

 


မူဆယ် ဩဂုတ် ၁၂

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် လူငယ်စကားဝိုင်းကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

 

အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူဆယ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူဆယ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အထက(၂)မှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့် အားကစား၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာအသင်း (မူဆယ်မြို့နယ်) ဥက္ကဋ္ဌ ဦးမျိုးခိုင်က အနှစ်ချုပ်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.