လောပိတမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေး
လွိုင်ကော် ဩဂုတ် ၁၂
ကယားပြည်နယ် လောပိတမြို့ ရှမ်းရွာအခြေခံပညာအထက်တန်းကျောင်းတွင်
လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID
များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောင်းခန်းမ၌ ကျင်းပသည်။
မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက
နိုင်ငံသားစိစစ်ရေးကတ်နှင့်အတူ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique
ID တစ်ပါတည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကယားပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်တို့က
ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID များကို
ပေးအပ်ခဲ့ကြောင်း သိရသည်။
မေစု(ပြန်/ဆက်)

No comments