စနစ်ကျသော သမဝါယမစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်စေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး၊ ကျေးလက်လမ်း၊ တံတား၊ ရေ၊ မီး ရရှိရေး တက်ညီလက်ညီ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်

 


နေပြည်တော် ဩဂုတ် ၁၂


စနစ်ကျသော သမဝါယမစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်စေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်ရေး၊ ကျေးလက်လမ်း၊ တံတား၊ ရေ၊ မီး ရရှိရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာန အချင်းချင်း တက်ညီလက်ညီ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားသည်။


ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနရုံး၌ ဝန်ကြီးဌာနအောက် ခရိုင်၊မြို့နယ်အဆင့် ဝန်ထမ်းများ နှင့်တွေ့ဆုံစဉ် ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ ပြင်ဦးလွင် မြို့နယ် နောင်ဝယ်ကျေးရွာ၌ ကောင်းမြန်မာ နို့စားနွား မွေးမြူရေးလုပ်ငန်း သမဝါယမ အသင်းမှ အသင်းဥက္ကဋ္ဌ၊ အသင်းသားများနှင့် တွေ့ဆုံ၍ ဒေသနွား ၂၇ ကောင်၊ ဖရီရှန်နို့စားနွား ၉၇ ကောင် မွေးမြူထားမှု၊ စက်ဖြင့် နွားနို့ညှစ်ခန်း၊ နွားစာသိုလှောင်ရုံတို့ကို ကြည့်ရှုအားပေးသည်။


ထို့ပြင် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် Royal Ruby Flower တန် ၁၅၀ ဆန်စက်၌ ကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုပ်ပိုးမှု စနစ်များကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ဆန်စက် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။


ဆက်လက်၍ စဉ့်ကိုင်မျိုးစေ့ထုတ် သမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသားများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ မျိုးစေ့ထုတ်သမဝါယမ အသင်းများ ပိုမိုပေါ်ပေါက်လာစေ ရေး၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်၍ အခြားသော စိုက်ပျိုးရေး သမဝါယမအသင်းများသို့ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး အသင်းသားတောင်သူ တစ်ဦး၏ လယ်မြေ ငါးဧကတွင် ဧရာပဒေသာ မျိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။


ယမန်နေ့ညနေပိုင်းကလည်း ပုသိမ်ကြီးမြို့နယ် သမဝါယမ ကောလိပ်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.