၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

 


ဟားခါး သြဂုတ် ၁၂

 

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းတို့နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ယနေ့တွင် ခေါင်းစဉ် တစ်ခုချင်းစီအလိုက် ရှင်းလင်း တင်ပြကြသည်။

 

ပြောကြား

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲကို ဟားခါးမြို့ ချင်းပြည်နယ် လွှတ်တော်ရုံးရေးရာ ကော်မတီ ခန်းမဆောင်၌ ကျင်းပပြီး ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ ဖြည့်စွက်ခွင့်ပြု ငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတို့နှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်အစည်း အဝေးတွင် မဆွေးနွေးမီ အကြိုညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 

ထို့နောက် ချင်းပြည်နယ် ရသုံး မှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများ၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေတောင်းခံထား သည့် ချင်းပြည်နယ်လွှတ်တော်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လမ်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဌာနအလိုက် ဖြည့်စွက်ရန်ပုံငွေတောင်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းကြပြီး သက်ဆိုင်ရာ ပြည်နယ်ဦးစီးမှူးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.