ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ စက်ပစ္စည်းများ သက်တမ်းပြည့်သုံးစွဲနိုင်ရေး ကြိုတင်စစ်ဆေးထိန်းသိမ်းမှု လုပ်ငန်းအစီအမံများ ရေးဆွဲဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှာကြား

 



နေပြည်တော် ဩဂုတ် ၁၂


ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ စက်ပစ္စည်းများကို စွမ်းအားပြည့် သုံးစွဲနိုင်ရေးနှင့် သက်တမ်းပြည့် သုံးစွဲ နိုင်ရေးအတွက် ကြိုတင်စစ်ဆေး ထိန်းသိမ်းမှုလုပ်ငန်း အစီအမံများ ရေးဆွဲဆောင်ရွက်ရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယနေ့ညနေပိုင်းက အဆိုပါ စက်ရုံအစည်းအဝေးခန်းမ၌ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာများ၊ စက်ရုံမှူး၊ ဌာနတာဝန်ခံများ၊ အရာထမ်းများနှင့် တွေ့ဆုံစဉ် မှာကြားသည်။


မှာကြား


ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊ စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်း ထားရှိရန်၊ ကုန်ကြမ်း၊ ကုန်ချောများကို စနစ်တကျ ထားသိုနိုင်ရေးအတွက် စတိုစီမံခန့်ခွဲမှုစနစ်များကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။


ထိုသို့ တွေ့ဆုံစဉ် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဌာနကြီးများ၏ အမှာစာရရှိမှုနှင့် ဖြန့်ဖြူးပေးနေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ဆေးဝါး စက်ရုံ(အင်းစိန်)တွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.