ရမည်းသင်းမြို့၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

 


ရမည်းသင်း သြဂုတ် ၂၆

 

 ဥပဒေရေးရာဝန်ကြီးဌာန၏ (၅) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ခရိုင်/မြို့နယ် ဥပဒေရုံးမြေနေရာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဩဂုတ် ၃၀ ရက်တွင် ကျရောက်မည့် ဥပဒေရေးရာဝန်ကြီးဌာန၏ (၅) ကြိမ်မြောက် နှစ်ပတ်လည်နေ့ (အကြို) အခမ်းအနားကို ရမည်းသင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံးခန်းမ၌ ကျင်းပပြီး ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

ထို့နောက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ဥပဒေအရာရှိ ဦးမိုးသူအောင်နှင့် ဒုတိယခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိများနှင့် ဝန်ထမ်းများက အဆိုပါရုံးဝင်းအတွင်း ရတနာတန်းဝင်ကျွန်းပင်များ၊ သစ်ပိတောက်ပင်များနှင့် အခြားပျိုးပင်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.