ရေစကြိုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

 


ရေစကြို ဩဂုတ် ၂၆

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေစကြိုမြို့နယ်ဦးစီးမှူးရုံးက ယနေ့နံနက်ပိုင်းတွင် မြို့မကျောင်းနှင့် ငါးရာပြည့်ကျောင်းမှ ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နေ့ချင်းပြီး ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးဝင်းမောင်၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးနှင့် ဝန်ထမ်းများက အသက် (၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူ ၇၈ ဦးနှင့် အသက်(၁၈)နှစ်ပြည့် ကျောင်းသား ကျောင်းသူ တစ်ဦးစုစုပေါင်း ၇၉ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ဝေဇင်မို့(ရေစကြို)

No comments

Powered by Blogger.