ဝမ်းတွင်းမြို့နယ်၌ မိုးသီးနှံများ ပန်းတိုင်ရရှိရေး နည်းပညာပေး သင်တန်းဖွင့်

 


ဝမ်းတွင်း ဩဂုတ် ၂၆

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မိုးသီးနှံများ ပန်းတိုင်ရရှိရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ဩဂုတ် ၂၄ ရက်က အဆိုပါရုံးခန်းမ၌ ဖွင့်လှစ်သည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးငွေက အမှာစကား ပြောကြားပြီး ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်းက သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပန်းတိုင်သီးနှံများ ကျေးရွာအုပ်စု သတ်မှတ်၍ ပန်းတိုင်ရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်းအလိုက် ပညာပေးဆောင်ရွက်နေမှုများ၊ ဒေသတွင်း ဆန်၊ ဆီ၊ ပဲ ဖူလုံရေး နွေစပါးနှင့် ဆောင်းနေကြာတိုးချဲ့ ဆောင်ရွက်နေသည့် အစီအမံများကို တောင်သူများအား ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်စန္ဒာထွန်းက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ ခေါင်နှံရွေးချယ်နည်း၊ ဆင်းရွှေကြာမျိုး ရွေးချယ်အဆင့် မြှင့်တင်ခြင်း၊ ခရိုင်မြေတာဝန်ခံ ဒေါ်စန်းစန်းဌေးက နွေထယ်ရေးခံခြင်း၊ သစ်စိမ်းမြေဩဇာသုံးစွဲခြင်း၊ သဘာဝမြေဩဇာနှင့် ယူရီးယားရောစပ်အသုံးပြုခြင်း၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်သင်းမြတ်ခိုင်က ပိုးမွှားရောဂါကျရောက်မှု ကင်းထောက်နည်းများ၊ IPM ကာကွယ်နည်းများအား ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.