ကမာရွတ်မြို့နယ်၌ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်ထုတ်ပေး

 


ရန်ကုန် ဩဂုတ် ၂၆

 

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော AGB Communication Co., Ltd မှ အာမခံအလုပ်သမား ဦးသီဟထက်အောင်သည် အလုပ်တွင် ထိခိုက်မှုနှင့်ပတ်သက်၍ ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပသည်။ 

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြာရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးသည်။ 

 

ဆက်လက်၍ ဦးသီဟထက်အောင်အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၉၀၀၀၀၀၀ ကို အစ်ကိုဖြစ်သူ ဦးသိန်းအောင်အား အလုပ်ဌာနတာဝန်ခံများ၊ အလုပ်သမားညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)

No comments

Powered by Blogger.