ဖျာပုံမြို့၌ ပြုပြင်တည်ဆောက်နေသည့် တံတားအား ကြည့်ရှုစစ်ဆေး

 


ဖျာပုံ သြဂုတ် ၂၆ 

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ ပဆင-ကျုံကဒွန်းလမ်းပေါ်ရှိ ကျုံကဒွန်းကျေးရွာ ရွာလယ်တံတားသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးသည်။ 

 

ထိုသို့ ပြုပြင်တည်ဆောက်နေသည့်တံတားအား ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် (မြို့ပြ)သည် ကျုံကဒွန်းကျေးရွာ ပဆင-ကျုံကဒွန်း လမ်းပေါ်ရှိ ကျုံကဒွန်းကျေးရွာ ရွာလယ်တံတားအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီမှုဖြင့် သစ်သားကြမ်းခင်းတံတားမှ ကွန်ကရစ်ကြမ်းခင်းတံတားအဖြစ် အလှူရှင်က လှူဒါန်း ပြုပြင်တည်ဆောက်နေခြင်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.