မြောင်းမြမြို့နယ်၌ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မြောင်းမြ သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း
ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာဖြင့်
ဆောင်ရွက်ပြီးစီးရန် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြောင်းမြမြို့နယ်အတွင်းရှိ
ပဆငနှင့် သိလ္လာချောင်းဖျားကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် (မြို့ပြ)
ဦးကျော်ကျော်ထွေးနှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ
မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)

No comments