နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
နေပြည်တော် ဩဂုတ် ၂၇
၂၀၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား
မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို
ယနေ့နံနက်ပိုင်းက နေပြည်တော်အားကစားရုံ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်
တာဝန်ရှိသူများသည် မြို့နယ်ပေါင်းစုံ အသက် ၁၈ အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာ ရေး ကော်မတီဝင်များ၊
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော် အမျိုးသမီးအားကစား ဆပ်ကော်မတီမှ
တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား၊
အမျိုးသမီး သုံးဆင့် ခုန်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၄၀၀ အပြေး ပြိုင်ပွဲ၊
အမျိုးသား၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ဆုရရှိသည့် အားကစားသမားများအား
တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယကက အမျိုးသမီးတံခွန်စိုက်ဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုရရှိသည့်
ဇမ္ဗူသီရိမြို့နယ်အသင်းတို့ကို တံခွန်စိုက်ဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)

No comments