တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အအုံနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်နိုင်ရေး တွေ့ဆုံဆွေးနွေး
တွံတေး ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး
တွံတေးမြို့နယ်၌ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့်
ပျော်ဘွယ်လေးကျေးရွာ တွံတေးတူးမြောင်းပိုင်မြေနေရာရှိ အဆောက်အအုံနှင့် မြေနေရာများအတွက်
နစ်နာကြေးပေးအပ်နိုင်ရေး လူထုတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌
ပြုလုပ်သည်။
ဆွေးနွေးပွဲတွင်
တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်တို့က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး စီမံကိန်းဒါရိုက်တာ
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က
တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်သူများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ နစ်နာကြေးကို
သက်ဆိုင်ရာပြည်သူများထံသို့ မကြာမီရက်ပိုင်းအတွင်း အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်
စနစ်တကျ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)

No comments