ထိုင်း၌ ၂၀၀၄ ခုနစ်နောက်ပိုင်း ပဋိပက္ခများကြောင့် လူပေါင်း ၇၀၀၀ ကျော်သေဆုံး
ဗန်ကောက် ဩဂုတ် ၂၄
ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းတွင်
အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက လုံခြုံရေးတင်းကျပ်မှုများ
အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နာရာသီဝပ်၊ ပတ္တာနီနှင့်
ယာလာပြည်နယ်တို့တွင် ဩဂုတ် ၂၂
ရက် ညပိုင်းက ကြိုတင်ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုပေါင်း ၅၀ ကျော်ရှိကြောင်း
လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ ကုန်စုံဆိုင်များနှင့် ဒေသန္တရရုံးအဆောက်အအုံများကို ပစ်မှတ်ထားပြီး မီးရှို့ခြင်း၊ ဗုံးဖောက်ခွဲခြင်းနှင့်
သေနတ်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်နိုင်ခြေရှိမှုနှင့်ပတ်သက်ပြီး
သတင်းအချက်အလက်ရရှိခဲ့သော်လည်း မည်သည့်အချိန်တွင် တိုက်ခိုက်လာနိုင်မည်ကို ကြိုတင်ခန့်မှန်းရန်မှာ မလွယ်ကူခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် စီဟာဆက် ဖောင်းကတ်ကဲအိုက ဩဂုတ် ၂၄ ရက်တွင် ပြောသည်။
ထိုင်းနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစတင်ကာ အကြမ်းဖက်ပဋိပက္ခများဖြစ်ပွားမှုကြောင့် လူပေါင်း ၇၀၀၀
ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments