ကြို့ပင်ကောက်မြို့၌ ဂျီအီးစီပညာရေး သမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး



ကြို့ပင်ကောက် ဩဂုတ် ၂၄

 

ပဲခူးတိုင်း‌ဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ဂျီအီးစီပညာရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲကို ယမန်နေ့နံနက်က အထက(ဘုရင့်နောင်)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဂျီအီးစီပညာရေး သမဝါယမအသင်းဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြကာ အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင် သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများကို တာဝန်ရှိသူများကပေးအပ်ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments

Powered by Blogger.