ATOM က ထူးချွန်ကျောင်းသား ကျောင်းသူ ၁၀ ဦးအတွက် ‘Bright Futures’ ပညာသင်ဆု မိတ်ဆက်
ရန်ကုန် ဩဂုတ် ၂၄
ငွေကြေးအခက်အခဲကြောင့်
တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူရန်အခက်အခဲရှိနေသည့် ထူးချွန်ကျောင်းသား ကျောင်းသူများအတွက်
ATOM က ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်လိုက်ပြီး ပညာသင်ဆုရရှိသူ ၁၀
ဦးအား လစဉ်ထောက်ပံ့ကြေးနှင့် ပညာရေးဆိုင်ရာ ကုန်ကျစရိတ်များ
ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
အက်တမ်(ATOM)၏ ‘Bright
Futures’ ပညာသင်ဆုအတွက် လျှောက်လွှာများကို ဩဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး
သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကျောင်းသားကျောင်းသူများသည် အက်တမ် (ATOM) ၏ Facebook ၊
Website နှင့် LinkedIn တို့မှတစ်ဆင့် အလွယ်တကူ ရယူနိုင်သည့် ATOM’s “Bright
Futures” Scholarship Program တရားဝင်လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်ကြောင်း၊
ယင်းလျှောက်ထားသူများထဲမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၁၀ ဦးအား ရွေးချယ်၍ စာသင်ကုန်ကျစရိတ်များအတွက်
လစဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ သုံးသိန်းအပြင် ကျောင်းလခ၊ စာအုပ် စာတမ်းစရိတ်များအတွက်
နှစ်စဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ ငါးသိန်း ပါဝင်သည့် ပညာသင်ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။
“လူငယ်တိုင်းဟာ ဘယ်လိုပဲ ငွေကြေးအခက်အခဲတွေရှိနေပါစေ မိမိတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်နဲ့
ထိုက်တန်ပါတယ်” ဟု ATOM ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားထားသည်။
ပညာသင်ဆုရရှိသူများကို
ငွေကြေးလိုအပ်ချက် အထောက်အထား၊ ပညာရေးဆိုင်ရာ ထူးချွန်မှုနှင့် အရည်အချင်းစစ်ဆေးမှုအတွက်
လိုအပ်သည့် စာရွက်စာတမ်းများအပေါ် မူတည်၍ ပွင့်လင်းမြင်သာသည့် စိစစ်ရွေးချယ်မှုလုပ်ငန်းစဉ်ဖြင့်
ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများအနေဖြင့် စာသင်နှစ်တစ်လျှောက်
ကောင်းမွန်သည့် ပညာရေးရလဒ်များကို ထိန်းသိမ်းထားရန်၊ စာသင်နှစ်တစ်ခုစီကို အောင်မြင်စွာပြီးမြောက်ရန်နှင့်
ပညာသင်ဆု၏ သတ်မှတ်စည်းမျဉ်းများကို လိုက်နာရန်လိုအပ်မည်ဖြစ်သည်။ ပညာသင်ဆု ရရှိသူများကို
နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ ATOM ရုံးချုပ်၌ ကျင်းပမည့် ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားတွင်
တရားဝင်ကြေညာပေးသွားမည်ဖြစ်ပြီး အခမ်းအနားတက်ရောက်နိုင်ရေးအတွက် ခရီးစရိတ်များကိုလည်း
ATOM က ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အက်တမ်(ATOM) ၏
ကော်ပိုရိတ်ရေးရာ အရာရှိချုပ် ဦးသိန်းဟုတ် ကလည်း အက်တမ် (ATOM) ရဲ့ ‘Bright
Futures’ ပညာသင်ဆု အစီအစဉ်ဟာ အနာဂတ်ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ကြမယ့်
မြန်မာလူငယ်တွေနဲ့အတူ အမြဲတမ်းအတူတကွ ရပ်တည်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ကတိကဝတ်ကို
ဖော်ပြနေတာပဲဖြစ်ပါတယ်” ဟုဆိုသည်။
MT

No comments