ဖိလစ်ပိုင်၌ သေနတ်ပစ်ခတ်မည့် ခြိမ်းခြောက်မှုကြောင့် ကျောင်းသား ကျောင်းသူများကို နေအိမ်သို့ ပြန်လွှတ်
မနီလာ ဩဂုတ် ၂၄
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မြောက်ဘက်
ဇမ်ဘာလက်စ်ပြည်နယ်အတွင်း မြို့တစ်မြို့ဖြစ်သည့် ဆန်အန်တိုနီယိုမြို့၌ သေနတ်ပစ်ခတ်မှုလုပ်ဆောင်မည်ဆိုသည့်
သတိပေးချက်တစ်ခုရရှိပြီးနောက် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများကို
နေအိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
မြို့တော်ဝန် အာဗင်တန်တီပိုလိုက ကျောင်း ၂၀ ကျောင်းစလုံးရှိ အတန်းများကို ရပ်နားခဲ့ကာ ရဲတပ်ဖွဲ့ကို သတိပေးခဲ့ပြီး ကွပ်ကဲမှုစခန်းတစ်ခု
ထူထောင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ထုတ်ပြန်ထားသည်။
အာဏာပိုင်များက ခြိမ်းခြောက်မှုနှင့်ပတ်သက်၍
စုံစမ်းစစ်ဆေးလျက်ရှိပြီး သံသယရှိသူတစ်ဦး တစ်ယောက်ကိုမျှ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းနှင့်
လုံခြုံရေးအစီအမံများကိုလည်း ဆက်လက်ချထားဆဲဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments