ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာတို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံ

 


မော်စကို  ဩဂုတ်  ၂၄

ရုရှားသမ္မတ      ဗလာဒီမာပူတင်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ မန်ယမ်ဂျိုင်ရှန်ကာကို ဩဂုတ် ၂၄ ရက်က ကရင်မလင်နန်းတော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားနှင့်အိန္ဒိယနိုင်ငံတို့သည် နယ်ပယ်ကဏ္ဍအများအပြားတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုနှစ်အတွင်း ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးကဏ္ဍတွင် တိုးတက်မှုများရှိကြောင်း ရုရှားသမ္မတ  ဗလာဒီမာပူတင်က  ပြောသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍလိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံသို့ ဓာတ်မြေ ဩဇာတင်ပို့မှုတိုးမြှင့်သွားရန် ရုရှားနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်းနှင့် ၂၀၂၆ ခုနှစ်အတွင်း  ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏမှာ ဆက်လက်တိုးတက်လျက်ရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း နယ်ပယ်ကဏ္ဍစုံနီးပါးတွင်  ကျယ်ပြန့်လာလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မကြာမီကျင်းပတော့မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ ထိပ်သီးအစည်းအဝေးပြင်ပတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် တွေ့ဆုံရန် မျှော်လင့်ကြောင်း ရုရှားသမ္မတ  ဗလာဒီမာပူတင်က ပြောသည်။

ဂျိုင်ရှန်ကာသည် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်နှင့်လည်း တွေ့ဆုံသွားရန်စီစဉ်ထားသည်။

စပွတ်နစ်ခ်

No comments

Powered by Blogger.