မြိတ်မြို့၌၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသောအသင်းသားများ၏ သားသမီး များအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ



မြိတ်   သြဂုတ်   ၁၀


မြိတ်မြို့နယ် (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၊၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့ကြသောအသင်းသား၊အသင်းသူများ၏ သားသမီးများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ ၊ရေပုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိပညာ​ရေး​ငွေစု​​ငွေ​ချေးသမဝါယမအသင်း ရုံးခန်း၌ သြဂုတ်   ၉ ရက် နံနက်  ၁၀   နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြိတ်မြို့နယ်၊ သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုး၊မြိတ်မြို့နယ်ပညာရေးမှူး ဒေါ်သိန်းဆင့် နှင့်မြို့နယ်သမဝါယမအသင်းစု ဥက္ကဌ ဦးလှကြည်တို့က ဂုဏ်ပြုအမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။


ဆက်လက်၍မြိတ်မြို့နယ် (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ဥက္ကဌ ဦးတင်မောင်ဆွေက ပညာရည်ချွန်ဆုပေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက်ပညာရည်ချွန် ဆုများချီးမြှင့်ခဲ့ရာ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြ သည့်(၂၉) ဦးတို့အနက်(၄)ဘာသာဂုဏ်ထူးရှင်(၂)ဦးတို့အားတစ်ဦးလျှင်ငွေကျပ်(၃)သိန်းနှုန်း၊ (၃)ဘာသာဂုဏ် ထူးရှင်(၂)ဦး တို့အားတစ်ဦးလျှင်ငွေကျပ်(၂ သိန်း ၅ သောင်း)နှုန်း၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၂)ဦး တို့အား တစ်ဦးလျှင်ငွေကျပ်(၂)သိန်းနှုန်း၊(၁)ဘာသာဂုဏ်ထူးရှင်(၆) ဦး တို့အားတစ်ဦးလျှင်ငွေကျပ် (၁ သိန်း ၅ သောင်း)နှုန်းနှင့်တက္ကသိုလ်ဝင်တန်းရိုး ရိုးအောင်မြင်သူ (၁၇)ဦးတို့အားတစ်ဦးလျှင်ငွေကျပ် (၁)သိန်းနှုန်းတို့ဖြင့် စုစုပေါင်းငွေကျပ်(၄၁)သိန်းတို့ကိုတာဝန်ရှိသူ များကအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အသင်းသူ၊ အသင်းသားများကိုယ်စား အသင်းသား တစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့မြိတ်မြို့နယ်၊ သမဝါယမဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးနှင့်ဝန်ထမ်းများ၊ မြိတ်မြို့နယ်ပညာရေးမှူး ဒေါ်သိန်းဆင့်၊ မြိတ်မြို့နယ် (ပညာရေး) ငွေစုငွေချေး သမဝါယမ အသင်းလီမိတက် ဥက္ကဌ ဦးတင်မောင်ဆွေ၊မြို့နယ်သ မဝါယမအသင်းစု ဥက္ကဌ ဦးလှကြည်၊ အသင်းသား၊ အသင်းသူများနှင့် သား၊ သမီးများ၊ စုစုပေါင်း(၇၅) ဦးတက်ရောက်ခဲ့ကြသည်။


မြင့်ဉီး(မြိတ်)


No comments

Powered by Blogger.