ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ထိုင်းနိုင်ငံနှင့်မလေးရှား ကမ္ဘာလှည့် ခရီးသွား ဓာတ်ပုံပညာရှင်များ မြန်မာ့ကျေးလက်သဘာဝများ မှတ်တမ်းဓါတ်ပုံရိုက်လျက်ရှိ
ညောင်ဦး ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဓာတ်ပုံပညာရှင် ၁၂ ဦးတို့သည် မြန်မာ့ကျေးလက် သဘာဝများကို မှတ်တမ်းဓါတ်ပုံရိုက်လျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် စူဠာမဏိဘုရားတောင်ဘက် ဖိုးမောက်ကြီး တောင်ကုန်းပတ်ဝန်းကျင်တွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ပုဂံဒေသ၏ လှပသော ရှုခင်းများကို နောက်ခံထား၍ မြန်မာကျေးလက်တောင်သူတို့၏ စပါးရိတ်သိမ်းပြီးချိန် စပါးချွေလှေ့ပုံ၊ နွားများဖြင့် ကောက်ရိုးသယ်ယူပုံ၊ စပါးရိတ်သိမ်းချွေလှေ့ပြီးချိန် ကောက်ရိုးပုံများ ထားရှိပုံတို့ကို ပြင်ဆင်ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကြကြောင်း သိရသည်။
အဆိုပါ ဓာတ်ပုံပညာရှင်များသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မှတ်တမ်းဓါတ်ပုံများရယူလျက်ရှိပြီး စူဠာမဏိ ဘုရားပတ်ဝန်းကျင်၊ မြင်းကပါကျေးရွာ၊ ပြဿာဒ်ကြီးဘုရား ပတ်ဝန်းကျင်၊ မင်းနန်သူကျေးရွာ၊ အနောက်ဖွားစောကျေးရွာပတ်ဝန်းကျင်တို့တွင်လည်း ရိုက်ကူးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း
.jpg)
No comments