မြစ်ကြီးနားတက္ကသိုလ်၌ သန့်ရှင်းရေးနှင့် အလင်းဖွင့်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်



မြစ်ကြီးနား သြဂုတ် ၁၆


ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ပရိဝုဏ်အတွင်း သန့်ရှင်း သာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး တို့အတွက် စုပေါင်းသန့်ရှင်းရေးနှင့် သစ်ပင်/သစ်ကိုင်းများ အလင်းဖွင့်ခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ ပင်ကြီးမျိုးများကို မြေပြင်မှ အမြင့်ပေ ၂၀ အထိလည်းကောင်း၊ ပင်ပုမျိုးနွယ်များကို အမြင့် ၁၀ ပေအထိလည်းကောင်း အလင်းဖွင့် ခုတ်ထွင်ရှင်းလင်းခဲ့ကြပြီး တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


စုပေါင်းသန့်ရှင်းမှုကို မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်နှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၅၀၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် Internal Youth Fellowship (IYF) အဖွဲ့ဝင်  ၂၀၀ တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကောင်းကောင်း (မြိတ်)

No comments

Powered by Blogger.