သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)နှင့် ကိုရီးယားသမ္မတနိုင်ငံ Chosun University, School of Dentistry တို့အကြား ပညာရပ်ဆိုင်ရာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်မည်


 ရန်ကုန် ဩဂုတ် ၁၆


သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)နှင့် ကိုရီးယားသမ္မတနိုင်ငံ Chosun University, School of Dentistry တို့အကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Under-standing – MoU) လက်မှတ်ရေး ထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ တင်ထွန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ကျော်သီဟ၊ ကိုရီးယားသမ္မတနိုင်ငံ Chosun University, School of Dentistry မှ Dean, Professor Kim Hee Jung၊ ပါမောက္ခ/ဌာနမှူးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြပါသည်။


ကိုရီးယားသမ္မတနိုင်ငံ Chosun University, School of Dentistry မှ Dean Professor Hee Jung Kim, Professor Seong Yong Moon နှင့် Dr. Chan Kyu Sun တို့ ဦးဆောင်သော သွားနှင့်ခံတွင်း ဆရာဝန်များအဖွဲ့က မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) ၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ၊ ကင်ဆာရောဂါ ဝေဒနာရှင်များနှင့် မျက်နှာနှင့်မေးရိုးပြုပြင် ခွဲစိတ်ကုသမှု လိုအပ်သောလူနာများအား ကုသပေးခြင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) မှ ကျောင်းသား ကျောင်းသူများအတွက် သွားနှင့်ခံတွင်းပညာရပ်ဆိုင်ရာ ဟောပြောပို့ချမှုများ၊ Hands-on Course များကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ 


နံနက်ပိုင်းကလည်း  ဆေးတက္ကသိုလ် (၁) (ရန်ကုန်) ခန္ဓာဗေဒဌာန၌ ဆေးတက္ကသိုလ် (၁) (ရန်ကုန်)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)နှင့် ကိုရီးယားသမ္မတနိုင်ငံ Chosun University တို့ပူးပေါင်း၍ 2nd Korea-Myanmar Cadaveric Surgical Hands-on Training ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။


ကိုကျော်

No comments

Powered by Blogger.