ဒလမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်




ဒလ  ဩဂုတ်  ၁၆


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်က ဒလမြို့နယ် ရေပေးဝေရေးရုံး၊ အောင်မင်္ဂလာရပ်ကွက်နှင့် ကမာကဆစ်ဈေးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 


ထိုသို့ဆောင်ရွက်ရာတွင် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်‌ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိန်မြင့်၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ဒလမြို့နယ်သို့ ရေပေးဝေနေသော ရေသိုလှောင်ကန်အား ကလိုရင်းခတ်ခြင်း၊ အောင်မင်္ဂလာရပ်ကွက် အတွင်းနေအိမ်များရှိ ရေသိုလှောင်ကန်များအား ကလိုရင်းခတ်ခြင်း၊ ရေသန့်ဆေးပြားများဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကမာကဆစ်ဈေးတို့တွင် ရောင်းချနေသော အသားငါးများနှင့် အသုပ်ဆိုင်ရောင်းချ‌နေသူ ပြည်သူများအား သန့်ရှင်းစွာရောင်းချမှုရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။


 ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.