ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စုမှတောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး




ငဖဲ  ဩဂုတ် ၁၈


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  ၂၀၂၆ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းက  ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ချေးငွေကျပ် သိန်းပေါင်း ၁၇၀၀ ကို ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။


ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သီသီမာက တောင်သူလယ် သမားများအား ချေးငွေနှုန်းထားတိုးမြှင့်ရေးအစီအစဉ်အရ အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေ အရင်း၊အတိုးနှင့်ဒဏ်တိုးများ၊ နှစ်တိုချေးငွေ နှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေ အရင်း၊အတိုးများ ပြေကျေစွာ ပေးဆပ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ()ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။


ထို့နောက် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီသီမာ နှင့်ဝန်ထမ်းများက ဇီးတောကျေးရွာ အုပ်စုမှ တောင်သူ ၁၀၇    ဦး၏ မိုးစပါး  ဧက  ၃၂၀   နှင့် အခြားသီးနှံ ၂၉၆   ဧက စုစုပေါင်း စိုက်ဧက ၆၁၆ အတွက် ချေးငွေကျပ်သိန်းပေါင်း ၁၇၀၀  ကို ထုတ်ချေးပေးခဲ့ကြောင်း နှင့် ယနေ့ထိ ကျေးရွာ အုပ်စု ၁၇ အုပ်စုအား ထုတ်ချေးပြီးစီးပြီး ထုတ်ချေးပေးရန် ကျန်ရှိသည့်ကျေးရွာအုပ်စုများအား ဆက်လက်၍ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

         

မယု(ငဖဲ)

No comments

Powered by Blogger.