တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတက်ရောက်ရန်ထွက်ခွာ
နေပြည်တော်၊ ဩဂုတ် -၁၉
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting ) ကို တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တွင် ဇနီး ဒေါ်နီလာနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် တပ်မတော်အထူးလေယာဉ်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ်၊ Wing 6 သို့ရောက်ရှိကြရာ ထိုင်းဘုရင့်တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Air Chief Marshsl Seksun Chaiyamart နှင့် ဇနီး၊ ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ် (ရုံး)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နှင့် 9th Thailand- Myanmar High Level Committee Meeting အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ဝင်းသူလင်းနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့တက်ရောက်ပြီး ထိုင်းနိုင်ငံမှ တပ်မတော် အကြီးအကဲများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ဦးဆောင်သော 9thThailand- Myanmar High Level Committee Meeting အတွင်းရေးမှူး အဖွဲ့အဖွဲ့ဝင်များသည် ဩဂုတ် ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာခဲ့ကြပြီး လုပ်ငန်းညှိနှိုင်းအစည်းဝေးများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments