ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဒါးကမြစ်ရေမြင့်တက်လာ အ.မ.က(၁)ကျောင်း ယာယီ ပိတ်ထား
ကျောင်းကုန်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်ရှိ ရပ်ကွက်(၂)ခုနှင့် ကျေးရွာ (၂)ရွာ၊ စာသင်ကျောင်း(၁)ကျောင်းတို့ ယမန်နေ့က စတင်ရေဝင်နစ်မြုပ်နေပြီဖြစ်သည်။
မကျီးပင်ကွင်းကျေးရွာမှ အိမ်ထောင်စု(၁၀) စု၊ လူဦးရေ(၃၀)ဦးတို့နှင့် အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု (၈)စု၊ လူဦးရေ(၂၅)ဦးတို့အား မြို့ပေါက်ဆိန်ဘုန်းကြီးကျောင်း၌လည်းကောင်း၊ သစ်ဆိမ့်ကုန်းကျေးရွာမှ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၂၄)ဦးတို့အားဆွေမျိုးနေအိမ်၌လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု (၄၇)စု၊ လူဦးရေ(၁၆၄)ဦးတို့အား ကန်ဘောင်၌လည်းကောင်း အသီးသီးပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး၊ ဇရပ်ကွင်းအုပ်စု၊ ဆူးပဒေါင်းကွင်းကျေးရွာကုန်ထုတ်လမ်းနှင့် အနောက်ကျွဲလမ်းကျေးရွာကုန်ထုတ်လမ်းတို့ ရေကျော်မှုဖြစ်ခဲ့သည်။ သဲကုန်အုပ်စု၊အ.မ.က(သဲကုန်)စာသင်ကျောင်းအား (၁၁.၈.၂၆) ရက်နေ့မှစ၍ ယာယီပိတ်ထားရကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

No comments