ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၈) ကျောင်းယာယီပိတ်ထားလျက်ရှိ
ညောင်ဦး ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊အောက်ရှိ အခြေခံပညာကျေိာင်း(၈) ကျောင်း ယာယီပိတ်ထားရကြောင်း ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းထံကသိရ သည်။
ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၂၂၀၂ စင်တီမီတာရောက်ရှိနေပြီး ၈၂ စင်တီမီတာ ၊ ၂ ပေ ၆၉ လက်မ စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ကာ ဩဂုတ် ၁၀ ရက်နေ့က တောင်ရွာနောင်ကျေးရွာအုပ်စု၊ရေ လည်ကျွန်း အခြေခံပညာအထက်တန်းကျောင်း၊လက်ထုပ်ကျေးရွာအုပ်စု၊လက်ထုပ်ကျွန်း ကျေးရွာ၊အခြေခံပညာမူလတန်းကျောင်း၊ဩဂုတ် ၁၁ ရက်နေ့တွင်၊လက်ထုပ်ကျေးရွာအုပ်စု၊ ဗုဒ္ဓကုန်းကျွန်း အခြေခံပညာမူလတန်းကျောင်း၊လက်ပံခြေပေါ်ကျေးရွာအုပ်စုဦအုန္နဲ ချောင်း ကျေးရွာ၊အခြေခံပညာမူလတန်းကျောင်း၊ဩဂုတ် ၁၂ ရက်နေ့တွင် တောင်ရွာနောင် ကျေးရွာ အုပ်စု၊ထောင့်ကြီးရွာ အခြေခံပညာမူလတန်းကျောင်း၊တောင်ရွာနောင် အခြေခံပညာ အထက်တန်းကျောင်း၊ မီးလောင်ဖျားကျေးရွာအုပ်စု၊ ပခုက္ကူကျွန်းကျေးရွာ အခြေခံပ ညာမူလတန်းကျောင်းနှင့်ညောင်ဦမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တို့အား ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း(၈)ကျောင်း ယာယီပိတ်ထား ရပြီး ကျောင်းသားကျောင်းသူ (၁၄၂၆) ဦးတို့အား ဧရာဝတီမြစ်ရေပြန်လည်ကျသွားချိန် ယာယီပိတ်ထားသည့် အချိန်များအစား အချိန်ပိုပြန်လည်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင်ပညာရေးမှူးရုံးတာဝန်ရှိသူများကပြောကြား၍သိရသည်။
ဒီပါလင်း
No comments