မြစ်သားမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေးလျက်ရှိ




မြစ်သား ဩဂုတ် ၃ 


 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး ပေးခြင်းကို မေ ၁၅ ရက် နေ့မှစတင်၍  ထုတ်ချေး‌ပေးခဲ့ရာ ဩဂုတ် ၃ ရက် နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေး လျက်ရှိကြောင်းသိရသည်။


ရှေ့ဦးစွာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ချောစုလှိုင်က ချေးငွေညွှန်ကြားစာပါစည်းကမ်းချက်များနှင့် အညီ ယခင်နှစ် ချေးငွေ‌ကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။  ထို့နောက် မြို့နယ်အတွင်းရှိ ယခင်နှစ် ၂၀၂၅ မိုးချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသော ကျေးရွာအုပ်စု ၃၇ အုပ်စု ရှိ  တောင်သူပေါင်း ၂၂၇၃ ဦး၏ ဧကပေါင်း ၁၀၅၇၆ ဧကအတွက် စပါးတစ်ဧကလျှင်သုံးသိန်းနှုန်းနှင့် အခြား သီးနှံတစ်ဧကလျှင်နှစ်သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ်သိန်း ၃၁၁၅၀ ဒသမ ၅၀ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်‌‌ချေး‌ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်‌ကျေးရွာ အုပ်စုများကို ဆက်လက်ထုတ်‌ချေးပေးသွားမည်ဖြစ်‌ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။


ဝါဝါမြင့်(မြစ်သား)

No comments

Powered by Blogger.