ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 


မုံရွာ ဩဂုတ် ၁၉

 

မုံရွာမြို့ ကျောက္ကာလမ်းနှင့် ပြည်ထောင်စုလမ်း မီးပွိုင့်လမ်းဆုံ၌ ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အများပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

 

လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှုကို ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးပြီး အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်ရှိဈေးများ၊ ကျောင်းများ၊ လမ်းဆုံများနှင့် လူစည်ကားသည့် နေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ရှင်းလင်းတင်ပြ

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် မိမိတို့ဌာနများအလိုက် စီမံဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.