မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၁၇) ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား
မြန်အောင် ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည်စိုးရိမ် ရေ အမှတ်(၆၇)ပေ အောက်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေ ဝင်ရောက် သဖြင့် ယာယီပိတ်ထားသောအခြေခံပညာကျောင်း (၁၇) ကျောင်းကို ဩဂုတ်လ ၂၀ ရက် နေ့နံနက် ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် မြန်အောင်မြို့နယ်အတွင်း ယာယီပိတ်ထားသော ကျောင်းများ မြစ်ရေ ကျဆင်းသဖြင့်ပြန်လည်ဖွင့်လှစ်ရန် သက်ဆိုင်ရာကျေးရွာအုပ်စုချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ဒေသခံပြည်သူများ စုပေါင်း၍ ကျောင်းအတွင်းအပြင် သန့်ရှင်းရေး၊ သန့်ရှင်း သောသောက်သုံးရေရရှိရေးနှင့်ကျောင်း ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပြီး ကျောင်းများပြန်လည် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။
ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)

No comments