ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆၀၀၀ ကျော် ရှိလာ



ဩဂုတ် ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၅၅၀ ထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ်အတွင်း ယင်းရောဂါဖြစ်ပွားသူစုစုပေါင်း ၃၁၃၈၀ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားရေးမှူးချုပ်ရုံး (DGHS) မှ ထုတ်ပြန်သော အချက်အလက်များအရ ဇူလိုင်လတွင် ထိုရောဂါဖြစ်ပွားသူ ၉၂၀၆ ဦးရှိရာမှ သြဂုတ်လတွင် ၁၆၀၇၀ ဦး ဆေးရုံတက်ကုသမှုခံယူခဲ့သည်ဟု သိရသည်။

ယခုနှစ်အတွင်း နိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ သေဆုံးသူဦးရေမှာ ၈၈ ဦး ရှိကြောင်းနှင့် ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီသည် ခြင်မှတစ်ဆင့်ကူးစက်သောရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့်ရာသီဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၂၈၆၁ ဦးနှင့် သေဆုံးသူ ၄၁၃ ဦး ရှိသည်ဟု သိရသည်။

၂၀၂၃ ခုနှစ်ကသွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်စပ်ပြီး သေဆုံးသူ ၁၇၀၅ ဦး ရှိခဲ့ပြီး နှစ်စဉ်အလိုက် သေဆုံးမှုအမြင့်ဆုံးစံချိန်တင်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.