မော်လမြိုင်မြို့နယ်၌ အာဟာရချက်ပြုတ်ပြိုင်ပွဲ ကျင်းပ



မော်လမြိုင် ဩဂုတ် ၂၇


မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ အာဟာရချက်ပြုတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ပြိုင်ပွဲဝင် အသင်းများ၏ အာဟာရချက်ပြုတ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးသည်။


ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ဂုဏ်ပြုဆု ရရှိသူများအား တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.