၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
ရန်ကုန် ဩဂုတ် ၂၈
မြန်မာ ယူ-၁၇ အမျိုးသားဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး လာမည့်နိုဝင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ကျင်းပရန်လျာထားလျက်ရှိသည်။
ခြေစစ်ပွဲတွင် အသင်း ၃၅ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်းစီပါဝင်သော အုပ်စုခုနစ်ခုခွဲခြားကာ အိမ်ရှင်ခုနစ်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၌ ဩဂုတ် ၂၇ ရက်ကပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲရလဒ်အရ မြန်မာအသင်းသည် အာရှဒေသတွင်း ပြိုင်ဘက်အသင်းများဖြစ်သည့် အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့နှင့်အတူ အုပ်စု (A) တွင် ကျရောက်နေသည်။
AFC ၏ သတ်မှတ်ချက်အရ ထိပ်ဆုံးခုနစ်သင်းသာ နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အိမ်ရှင်အဖြစ်ကျင်းပမည့် ခြေစစ်ပွဲ၌ နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ရေး အစွမ်းကုန်ပြင်ဆင်သွားရမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments