ကော့ကရိတ်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပ
ကော့ကရိတ် ဩဂုတ် ၂၀
“ဒေသဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို
ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် ဒေါနခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးဥက္ကာက အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က စကားဝိုင်းကျင်းပရခြင်းနှင့်
ပတ်သက်၍ ပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ဝါဝါဝင်းအေးက ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေ၊
ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိန်းတန်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ခရိုင်အင်ဂျင်နီယာ
ဦးနောင်စိုးထွန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့က
ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု၊ မြို့အင်္ဂါရပ်နှင့်အညီ
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းဆောင်ရွက်နေမှု၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ
ဆောင်ရွက်ပေးမှု၊ မြို့ပြန်လည်ထူထောင်ရေးအတွက်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူများအား ထောက်ပံ့ပေးမှုအခြေအနေတို့နှင့်ပတ်သက်၍
ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments