တောင်ငူမြို့နယ်၌ စားအုန်းဆီရောင်းချနေမှုများ စစ်ဆေး
တောင်ငူ ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်း
လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တောင်ငူမြို့နယ်
ကံရိုးကျေးရွာ၌ စားအုန်းဆီရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်
စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း
ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည်
စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊
သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments