ပေါင်းလောင်းဆည် ဆည်ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှု ကွင်းဆင်းစစ်ဆေး
နေပြည်တော် ဩဂုတ် ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်
ပေါင်းလောင်းဆည် ဆည်ရေသိုလှောင် ထားရှိမှုနှင့်တမံကြံ့ခိုင်မှု၊ ပေါင်းလောင်းရေလှောင်တမံရေပိုလွှဲရှိ
ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး ဆောင်ရွက်ထားရှိမှုနှင့် ပေါင်းလောင်းမြေအောက် ဓာတ်အားပေးစက်ရုံ
လိုဏ်ဂူလမ်းကြောင်းသို့ သွားရောက်ပြီး စက်ထိန်းခန်း၊ စက်ရုံထိန်းချုပ်ခန်း၊ ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံ
အရေးပေါ်စက် စတင်မောင်းနှင်ခြင်း လုပ်ငန်းစဉ်များ၊ စီမံကိန်းဆိုင်ရာ အသေးစိတ်ပုံစံငယ်တို့ကို
ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ
နှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(တည်ဆောက်ရေး-၅) ညွှန်ကြားရေးမှူးက
ပေါင်းလောင်းရေလှောင်တမံစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရေပိုလွှဲဆိုင်ရာ အချက်အလက်များ၊
တမံတည်ဆောက်ထားရှိမှုနှင့် မန္တလေး ငလျင်ကြီးကြောင့် ပေါင်းလောင်းရေလှောင်တမံထိပ်ပြင်တွင်
အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့မှုကို ပြန်လည်ပြုပြင်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက
လိုအပ်သည်များ မှာကြားပြီး ပေါင်းလောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှတ်တမ်းဗီဒီယိုကို
ကြည့်ရှုသည်။
အောင်သူရဦး(ဒက္ခိဏ)

No comments