အခြေခံလူတန်းစားများအား သတ်မှတ်ဈေးနှုန်းနှင့်အညီ စာအုန်းဆီများရောင်းချပေး


ပြည် ဩဂုတ် ၁၇


ပြည်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ပြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ခွဲတမ်းရစားအုန်းဆီများကို သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချပေးသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ သွားရောက်၍ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းနှင့်အညီ စာအုပ်များဖြင့် စနစ်တကျရောင်းချပေးခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.