အုတ်တွင်းမြို့နယ်၌ တောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေသြဇာပေးအပ်ပွဲ ပြုလုပ်
အုတ်တွင်း သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍
မိုးသီးနှံစပါး စိုက်ပျိုးမည့်တောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် အာမိုဓာတ်မြေသြဇာ
ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ကြယ်နီဆန်စက်တွင် ပြုလုပ်သည်။
အခမ်းအနားတွင် တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးသန်းကိုနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး
ဦးအောင်ကိုကိုတို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက ဓာတ်မြေသြဇာ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဓာတ်မြေသြဇာစနစ်တကျသုံးစွဲရေးနှင့်
ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးကြီးကြပ်မှု
ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မိုးသီးနှံစိုက်ဧက ၈၉၀၀၀ အတွက်ရရှိသော အာမိုဓာတ်မြေသြဇာအိတ်
၅၃၀၀ ကို တောင်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)
.jpg)
No comments