မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(နေပြည်တော်) တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ရိုက်ကူးထုတ်လွှင့်နေမှု ပြည်ထောင်စုဝန်ကြီးဦးသန်းမောင် ကြည့်ရှုလေ့လာ


နေပြည်တော် ဩဂုတ် ၁၇


တိုင်းရင်းသားများ၏ ဘာသာ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ် ထိန်းသိမ်းရန်နှင့် တိုင်းရင်းသားများ၏ လှုပ်ရှားမှု ဆောင်ရွက်ချက်များအား မှတ်တမ်း ထားရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း(NRC)၏ ရိုက်ကူးထုတ်လွှင့်နေမှုကို တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ကြည့်ရှုလေ့လာသည်။


ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ တိုင်းရင်းသား ဝန်ထမ်းများ၏ “ချစ်သော ပြည်ထောင်စု” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှု၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း စွမ်းဆောင်နေသည့် နိုင်ငံတော် မီဒီယာမှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီး က NRC Channel ရိုက်ကူးထုတ်လွှင့်မှုအား လေ့လာသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တိုင်းရင်းသား လူမျိုးများရုပ်သံလိုင်း (NRC Channel) ထုတ်လွှင့်သည့် Presen-tation Room (2)၊ News Studio (2) ၌ NRC Channel မှ ဝန်ထမ်းများ၏ သရုပ်ပြ သတင်းတင်ဆက်နေ မှု၊ တိုင်းရင်းသား Radio Recording Studio ၌ “သူ့အလှည့်ရွေးသီ တေးပန်းချီ” အစီအစဉ် အသံသွင်းနေမှု၊ Virtual Studio ၌ NRC Channel မှ ဝန်ထမ်းများ၏ “ဆွေညီနောင်များ ဘာသာစကားဖြင့် ရင်းနှီးချစ်ကြည်စေမည်” ဘာသာစကားအစီအစဉ် ရိုက်ကူးနေမှုနှင့် Audio Mastering Studio ၌ တိုင်းရင်းသားဝန်ထမ်းများ၏ နေပြည်တော်တီးဝိုင်းဖြင့် သီဆိုလေ့ကျင့်နေမှုတို့ကို ကြည့်ရှု အားပေးသည်။


ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.