တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အအုံနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်နိုင်ရေး တွေ့ဆုံဆွေးနွေး
ရန်ကုန် ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် သာစည် ကျေးရွာ တွံတေးတူးမြောင်းပိုင် မြေနေရာရှိ အဆောက်အအုံနှင့် မြေနေရာများအတွက် နစ်နာကြေး ပေးအပ်နိုင်ရေး လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ဦးစွာ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်တို့က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက တွံတေး တူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်သူများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
နစ်နာကြေးများကို သက်ဆိုင်ရာ ပြည်သူများထံ လာမည့်ရက်ပိုင်းအတွင်း အဆိုပါဘုန်းတော်ကြီး ကျောင်း၌ စနစ်တကျ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)

No comments