တရုတ်နိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ စံနှုန်းများ ရေးဆွဲဆောင်ရွက်
ပေကျင်း ဩဂုတ် ၂၇
တရုတ်နိုင်ငံသည် နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာကဏ္ဍဖွံ့ဖြိုးရေးအတွက်
ဉာဏ်ရည်တုနည်းပညာဆိုင်ရာ စံနှုန်း ၂၀၀ နီးပါးကို ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဇင်ဂါအိုဘင်းက ဩဂုတ် ၂၆ ရက်
တွင် ပြောကြားသည်။
ဉာဏ်ရည်တုနည်းပညာသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်း၊
ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်ကုန်ထုတ်လုပ်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်
အရေးကြီးသည့် အခန်းမှ ပါဝင်ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။ တရုတ်နိုင်ငံရှိ မြို့များတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျင့်ဝတ်များကို ပြန်လည်သုံးသပ်နေကြောင်း ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံ၏
(၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ(၂၀၂၆- ၂၀၃၀) ကာလအတွင်း
6G နည်းပညာများတိုးတက်စေရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်တင်သွားမည်ဟု
စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး လိုင်ရူလန်က
ပြောကြားသည်။
6G လုပ်ငန်း
ဖွံ့ဖြိုးလာစေရန်နှင့် ဂေဟစနစ်ကိုမြှင့်တင်ရန်၊ စီးပွားဖြစ်ဖြန့်ကြက်မှုအတွက်
6G နည်းပညာစမ်းသပ်မှုများနှင့် စံနှုန်းများဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား
- ဆင်ဟွာ
ဘာသာပြန်
- စိုးသူရ

No comments