တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ
ရန်ကုန် ဩဂုတ် ၂၇
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
တတိယ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌
ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး ရှိသည့်အနက်
၁၁၃ ဦး တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်း ကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
၁၂ ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း ၁၅ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများက
ဖြေကြားကြပြီး တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့
ရပ်နားကြောင်း ကြေညာခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments