လွိုင်ကော်မြို့ အနိမ့်ပိုင်းရပ်ကွက် ရေဝပ်ဧရိယာများ၌ ရေစုပ်ထုတ်ဆောင်ရွက်လျက်ရှိ
လွိုင်ကော် ဩဂုတ် ၁၃
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွိုင်ကော်မြို့ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ဒေါနိုးကူး ရပ်ကွက်နှင့် မင်းစုရပ်ကွက်ရှိ ရေဝပ် ဧရိယာများတွင် ရေစုပ်ထုတ်ရန် သီးခြားဆောင်ရွက်ထားသည့် 160 kVA ထရန်စဖော်မာဖြင့် 50HP မော်တာနှစ်လုံးနှင့် ခြောက်လက်မ PVC ပိုက် နှစ်လုံးတပ်ဆင်၍ ဘီလူးချောင်းအတွင်းသို့ ရေစုပ်ထုတ်နေမှုကို ယနေ့နံနက်ပိုင်းတွင် ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ပေးအပ်
ဆက်လက်၍ ဒေါနိုးကူးရပ်ကွက် ဓမ္မာရုံ၌ ရေဝင်ရောက်ခဲ့သည့် ဒေသခံ အိမ်ထောင်စုများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဒေါနိုးကူးရပ်ကွက်မှ အိမ်ထောင်စု ၄၈ စုနှင့် မင်းစု ရပ်ကွက်မှ အိမ်ထောင်စု ၉၈ စု စုစုပေါင်း ၁၄၆ စုအတွက် ဆန်၊ ဆီ၊ ကြက်ဥ စသည့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် ရေနီကန်ကျေးရွာသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်သည့် စံပြ သရုပ်ပြ ဥစားကြက်မွေးမြူရေး ခြံအသစ် တည်ဆောက်နေမှုနှင့် စံပြသရုပ်ပြ အသားတိုးဝက် မွေးမြူရေးခြံ၌ DYL အသားတိုးဝက် မျိုးမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြက်ဥနှင့် အသား ဖူလုံသည့်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးရန်၊ မွေးမြူရေးလုပ်ငန်းများတွင် ယခုထက်ပိုမို၍ တိုးတက် မွေးမြူနိုင်အောင် လုပ်ငန်းရှင်များ ဖိတ်ခေါ်စည်းရုံး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments