ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီကာလ ရေကြီးရေလျှံမှု များမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း




ကန်ကြီးထောင့် ဩဂုတ် ၁၃


ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး‌ထောင့်မြို့နယ်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရန် ဖော်ထုတ်ရှင်းလင်းခြင်းကို ဩဂုတ် ၁၁ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက် လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းချို၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းစိုးလွင်တို့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့လယ်လမ်းမကြီးဘေး မြို့ဦးဘုန်းတော်ကြီးကျောင်းရှေ့ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


ကျော်ဇင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.