သာယာဝတီမြို့နယ် အထက(သဲဖြူ)၌ လူငယ်စကားဝိုင်း ကျင်းပ
သာယာဝတီ သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ အထက(သဲဖြူ)ကျောင်း၌ ဩဂုတ် ၁၂ ရက်က လူငယ်စကား ဝိုင်း ကျင်းပသည်။
ဦးစွာ အထက(သဲဖြူ)ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နွယ်ဝင်းက အမှာစကား ပြောကြားပြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က လူငယ် စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး မှူးက ဦးဆောင်ဆွေးနွေးပြီး အထက (သဲဖြူ)ကျောင်းမှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)

No comments