ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ
နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေး ဆွေးနွေး
နေပြည်တော် ဩဂုတ် ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဒူးမား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vya-cheslav Volodin နှင့် ဒူးမား လွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာ သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင် ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကို လွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ဒူးမား လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယ ဥက္ကဋ္ဌ Mr. Sholban Kara-Ool နှင့် လွှတ်တော်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံ ပွဲ ကျင်းပပြုလုပ်မည့် ဒူးမား လွှတ်တော် အဆောက်အအုံသို့ ရောက်ရှိကြရာ ဒူးမားလွှတ်တော် ဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ရင်းရင်းနှီးနှီးဆွေးနွေး
ယင်းနောက် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော် သမ္မတနှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌ တို့သည် နှစ်နိုင်ငံဥပဒေပြုရေး မဏ္ဍိုင်များဖြစ်သည့် လွှတ်တော် များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက် မှုများမှတစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှုများ ပိုမိုတိုးတက် ကောင်းမွန်လာနိုင်သည့် အခြေ အနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုများဆောင်ရွက်ရာတွင် သာတူညီမျှမှု၊ အပြန်အလှန် လေးစားမှု၊ ပြည်တွင်းရေး မစွက် ဖက်မှုများကိုအခြေခံပြီး ဆောင် ရွက်လျက်ရှိမှု အခြေအနေများ၊ လွှတ်တော်များအကြား အပြန် အလှန် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်၍ အတွေ့အကြုံများ ဖလှယ်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် တရားမျှတပြီး သိက္ခာ ရှိသည့် ရွေးကောက်ပွဲကို အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင် သော လွှတ်တော်များနှင့် ဒီမို ကရေစီနည်းလမ်းတကျ ရွေး ကောက် တင်မြှောက်ထားသည့် အစိုးရမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာ ဆက်လက်လျှောက်လှမ်း နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ တွင် ရွေးကောက်ပွဲကျင်းပပြုလုပ် ချိန်တွင် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ များ လာရောက်လေ့လာခဲ့မှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရမှု အခြေအနေ များ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာ စေရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတက ဒူးမားလွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
.jpg)
No comments