ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြု
နေပြည်တော် ဩဂုတ် ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင် ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရ စစ်သည်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ၍ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါ လာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရ စစ်သည် ဂူဗိမာန်သို့ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက် ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦး ဦးဆောင် ၍ လွမ်းသူ့ပန်းခွေအား သယ်ဆောင်ပြီး နိုင်ငံတော် သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ၍ ကျဆုံးလေပြီးသော သူရဲကောင်းများအား ရည်စူး၍ ၁ မိနစ်ငြိမ်သက် အလေးပြုကြသည်။ ထိုသို့ လွမ်းသူ့ပန်းခွေချ အလေးပြုပြီးချိန်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအား တီးမှုတ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments