မန်စီးတီးက ကွင်းလယ်ကစားသမား ဘူအာဒီကို ပြောင်းရွှေ့ကြေး ပေါင် ၈၅ ဒသမ ၆ သန်းဖြင့် ခေါ်ယူ

 


မန်စီးတီးအသင်းသည်    လိုင်လီကွင်းလယ်ကစားသမား  အာယွတ်ဘူအာဒီကို ပြောင်းရွှေ့ကြေး ပေါင် ၈၅ ဒသမ ၆ သန်းဖြင့်  ခေါ်ယူစာချုပ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါ ၁၈ နှစ်အရွယ် မိုရိုကိုကစားသမားသည် ပရီမီယာလိဂ်၏ဈေးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။        

အန်ဇိုမာရက်စကာ၏ မန်စီးတီးအသင်းသည် အသင်းမှ ဗဟိုကွင်းလယ်ကစားသမားများဖြစ်ကြသော ရိုဒရီကို ပေါင် ၆၅ သန်းဖြင့် ဘာစီလိုနာ၊ ရိန်ဒါးစ်ကို ပေါင်  ၅၂  သန်းဖြင့် ဆော်ဒီအာရေဗျကလပ် အယ်ကတ်စီယာသို့  ရောင်းချပြီးနောက်  ဘူအာဒီကို အီတီဟတ်သို့   ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  မိုရိုကိုအသင်း ယှဉ်ပြိုင်ကစားခဲ့သည့် ခြောက်ပွဲတွင်  ငါးပွဲအထိ  ပွဲထွက်ကစားသမားအဖြစ်  ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ်က လိုင်လီအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရရှိပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၉၆ ပွဲ ပါဝင် ကစားထားသူဖြစ်သည်။ ထို့ပြင် ၎င်းသည် ပြီးခဲ့သည့် လီဂူးဝမ်းရာသီပိတ်သိမ်းချိန်တွင် လိုင်လီအသင်းကို အဆင့် ()နေရာတွင် ရပ်တည်နိုင်အောင်ကူညီပေးထားနိုင်သည်။        

အောင်ဇော်

No comments

Powered by Blogger.